Credit to Popular Journal - မဟာယူနိုက်တက်အသင်းပိုင်ရှင်လည်းဖြစ်၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးဥက္ကဋ္ဌလည်းဖြစ်သူ ကိုဖိုးချစ်ဝင်ရောက်ကစားခဲ့သည့် မြန်မာနေရှင်နယ်လိဂ်(MNL)ရာသီပိတ်ပွဲစဉ်၌ နိုင်ပွဲရရှိခြင်းသည် လာမည့်ရာသီသစ်အတွက် ခွန်အားသစ်ဖြစ်ပေါ်စေသည်ဟု အသင်းက အသိပေးထားသည်။ ယမန်နေ့က မဟာယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့၏ ရာသီပိတ်ဗိုလ်လုပွဲစဉ်အတွင်း ကိုဖိုးချစ်ဝင်ရောက်ကစားခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါပွဲတွင် မဟာယူနိုက်တက်အသင်းက (၂) ဂိုး(၁)ဂိုးဖြင့် အနိုင်ရှိခဲ့သည်။ ယခုရာသီတွင် ရရှိခဲ့သည့် အတွေ့အကြုံများကို အခြေခံကာ လာမည့်ရာသီသစ်တွင် ပိုမိုကောင်းမွန်သော၊ ပိုမိုခိုင်မာသော မဟာယူနိုက်တက်အသင်းအဖြစ်ပြန် လည်ဆုံတွေ့ကြဦးမည်ဟု ဆိုထားသည်။ မဟာယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးများကို တိုက်စစ်မှူး Edubat Patrickက ပွဲချိန်(၁၇)မိနစ်နှင့် ပထမပိုင်းအပိုဆောင်းအချိန် (၄၅+၂) မိနစ်တို့တွင် သွင်းယူပေးခဲ့ခြင်းဖြစ်ကြောင်းဆိုထားသည်။ ဧရာဝတီယူနိုက်တက်အသင်းအတွက် ချေပဂိုးကို ပွဲချိန်(၂၆)မိနစ်တွင် သီဟက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ The post ကိုဖိုးချစ် ဝင်ရောက်ကစားခဲ့သည့် MNLရာသီပိတ်ပွဲစဉ်နိုင်ပွဲရရှိခြင်းသည် လာမည့်ရာသီသစ်အတွက် ခွန်အားသစ်ဖြစ်ပေါ်စေသည်ဟု မဟာယူနိုက်တက်အသင်းဆို appeared first on Popular .