အာဆီယံဒေသတွင်းစီးပွားရေးလုပ်ငန်းတွင် MSME လုပ်ငန်းက ၉၀ ရာခိုင်နှုန်းကျော်ရှိပြီး ယင်းလုပ်ငန်းများတွင် အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင် ၇၀ ရာခိုင်နှုန်းကျော် ဦးဆောင်နေ

Credit to Popular Journal - အာဆီယံဒေသတွင်း စီးပွားရေးလုပ်ငန်းများတွင် MSMEလုပ်ငန်းများက ၉၀ရာခိုင်နှုန်းကျော်ရှိပြီး ယင်းလုပ်ငန်းများတွင် အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင် ၇၀ ရာခိုင်နှုန်းကျော် ဦးဆောင်နေကြောင်း မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း(MWEA)၊ ဒုတိယဥက္ကဋ္ဌ ဒေါ်ချောချောခင်က ပြောကြားခဲ့သည်။ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားကို မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များ အသင်း(Myanmar Women Entrepreneurs Association-MWEA)မှ ကြီးမှူးပြီး မတ်လ ၁၈ရက်က ပုသိမ်မြို့ မြို့တော်ခန်းမတွင် ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားတွင် ဒုတိယဥက္ကဋ္ဌ ဒေါ်ချောချောခင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းတွင် MSME လုပ်ငန်းရှင်များ အများစု ပါဝင်နေသည်ကို တွေ့ရတဲ့အတွက် များစွာဂုဏ်ယူမိကြောင်းလည်း ၎င်းက ဆိုသည်။ MSME လုပ်ငန်းသည် မဟာဗျူဟာစီမံကိန်းတွင် အဓိကပါဝင်ကြောင်းနှင့် လုပ်ငန်းများအကောင်အထည် ဖော်သည့်အခါမှာလည်း အသင်းကြီးနှင့်ချိတ်ဆက်ပြီး အားလုံးပူးပေါင်းဆောင်ရွက်ကာ ကြုံတွေ့ရမည့် အခက်အခဲများ ကျော်ဖြတ်ရမည်ဖြစ်ကြောင်း MWEA ဒုတိယဥက္ကဋ္ဌ ဒေါ်ချောချောခင်က ပြောကြားသည်။ […] The post အာဆီယံဒေသတွင်းစီးပွားရေးလုပ်ငန်းတွင် MSME လုပ်ငန်းက ၉၀ ရာခိုင်နှုန်းကျော်ရှိပြီး ယင်းလုပ်ငန်းများတွင် အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင် ၇၀ ရာခိုင်နှုန်းကျော် ဦးဆောင်နေ appeared first on Popular .