ရန်ကုန်၊ မတ် ၁၈ အကြမ်းဖက် လွှတ်တော်ဒုဥက္ကဋ္ဌ မောင်မောင်အုန်း မဲဆွယ်ခဲ့သော နေပြည်တော်၊တပ်ကုန်းမြို့နယ်၊ အင်ပင်တောင်ရွာနှင့် မြောက်ရွာမှ ပြည်သူ့နေအိမ် ၁၀၀ ကျော်ကို ကျူးကျော်ဟုဆိုကာ အတင်းအဓမ္မ ဖျက်ခိုင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၁၇ ရက်နေ့ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ အင်ပင်တောင်ရွာနှင့် မြောက်ရွာမှ ပြည်သူ့ နေအိမ် ၁၀၀ ကျော်ကို ကျူးကျော်ဟုဆိုကာ တပ်ကုန်းမြို့နယ်ထွေ/အုပ်က စာထုတ်ကာ အတင်းအဓမ္မ ဖျက်ခိုင်းနေကြောင်း၊ ၇ ရက်အတွင်း ဖျက်သိမ်းရမည်ဖြစ်ပြီး မဖျက်သိမ်းပါက အင်အားသုံး ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ထားကြောင်း သိရှိရသည်။ အဆိုပါ အင်ပင်တောင်ရွာနှင့် မြောက်ရွာကိုလည်း ကြံ့ဖွတ်ပါတီမှ မောင်မောင်အုန်းက မဲဆွယ်ကာလတွင် လာရောက်ခဲ့ပြီး ၎င်းအနိုင်ရရှိပါက ကျေးရွာတိုးတက်ရေး လုပ်ဆောင်ပေးမည်ဟု ကတိပေးခဲ့ကြောင်း၊ လက်ရှိချိန်တွင် […] The post အကြမ်းဖက် လွှတ်တော်ဒုဥက္ကဋ္ဌ မောင်မောင်အုန်း မဲဆွယ်ခဲ့သော တပ်ကုန်းမြို့နယ်၊ အင်ပင်တောင်ရွာနှင့် မြောက်ရွာမှ ပြည်သူ့နေအိမ် ၁၀၀ ကျော်ကို ကျူးကျော်ဟုဆိုကာ အတင်းအဓမ္မ ဖျက်ခိုင်းနေ appeared first on Khit Thit Media .