Credit to Popular Journal - စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်တွင် ၂၀၂၅ -၂၀၂၆ ပညာ သင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ (၁၁)ရက်မှ (၁၇)ရက်အထိ ပျက်ကွက်သူမရှိ ဖြေဆိုပြီးခဲ့ကြောင်း သိရသည်။ တစ်ရက် (၁)ဘာသာဖြင့် (၁၁)ရက်တွင် မြန်မာစာဘာသာကိုစတင်ဖြေဆိုခဲ့ကြပြီး မတ်လ (၁၇)ရက်တွင် ဘောဂဗေဒဘာသာရပ်ကို ဖြေဆိုလျက် အထူးပြုဘာသာရပ်မရှိ ဘာသာစုံအောင်မြင်စွာဖြေပြီးမြောက်ခဲ့ကြောင်း သိရသည်။ လေရှီးမြို့နယ်တွင် အခြေခံပညာအထက်တန်း ကျောင်း (၅) ကျောင်း၊ အထကခွဲကျောင်း (၁) ကျောင်းရှိပြီး အဆိုပါကျောင်းများမှ STEAMS-1 ကျောင်းသား/သူ (၂၄)ဦး၊ STEAMS -2 ကျောင်းသား /သူ (၄၉)ဦး၊ STAMS-1 ကျောင်းသား/သူ (၂၀၃)ဦး စုစုပေါင်း (၂၇၆) ဦး ပျက်ကွက်မရှိ အောင်မြင်စွာ စာမေးပွဲဖြေဆိုခဲ့ကြခြင်းဖြစ်သည်။ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် လေရှီးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ […] The post နာဂဒေသ လေရှီးမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲပျက်ကွက်သူမရှိ ဖြေဆိုခဲ့ကြ appeared first on Popular .