Credit to Popular Journal - နာဂမျိုးနွယ်စု ဘုံစကားဖြစ်သည့် နာဂမစ် စာပေသင်တန်းကို မတ်လ(၁၇)ရက် ၊ နံနက် (၉) နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့ရှိ အ ခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့သည်။ ထန်ပါခွေမြို့ ခရစ်ယာန်အသင်းတော် သင်းအုပ်ဆရာ ဦးလောင်ဆွေမှ ဆုတောင်းဖွင့်လှစ်ပေးပြီး ထန်ပါခွေမြို့နာဂရိုးရာ ဥက္ကဋ္ဌ ဦးခေါင်ရှိုင်မှ သင်တန်းဖွင့်ရခြင်းအကြောင်းရှင်းလင်းပြောကြားသည်။ “နာဂမျိုးနွယ်စု များစွာရှိတဲ့အနက် မျိုးနွယ်စု အလိုက်ဘာ သာစကားတွေလည်း ရှိပါတယ်။ တစ်ရွာနဲ့ တစ်ရွာ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး ပြောဆိုဆက်ဆံရာမှာ မျိုးနွယ်စုမတူတဲ့ အတွက် အခက်အခဲများရှိပါတယ်။ အခုလို နာဂမစ်စာပေကို နာဂတစ်မျိုးသားလုံးရဲ့ ဘုံစကားအဖြစ်သတ်မှတ်ပြီး သ င်တန်း တွေဖွင့်လှစ်ပို့ချတာဟာ ပြောဆိုဆက်ဆံရာမှာအဆ င်ပြေမှာဖြစ်ပါတယ်။ သင်တန်းသူ၊ သင်တန်းသားတွေအနေနဲ့လည်း မိမိရပ်ရွာမှာဆင့်ပွားသင်တန်းတွေပြန်လည်ပို့ချရမှာဖြစ် ပါတယ်”ဟု ထန်ပါခွေမြို့ နာဂရိုးရာ ဥက္ကဋ္ဌ […] The post နာဂမျိုးနွယ်စု ဘုံစကား နာဂမစ် စာပေသင်တန်းဖွင့်လှစ် appeared first on Popular .