Credit to Popular Journal - ရန်ကုန်မြို့ရှိ ထီးတန်းဆိပ်ကမ်း Hteedan Oil Terminal (H O B)၌ဆိုက်ကပ်ထားသော စားသုံးဆီတင် MT.AU GEMINI သင်္ဘောကို မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ ဆီကန်ကြီး ကြပ်ရေးအဖွဲ့မှ မတ် ၁၈ ရက်ကကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။ စာရွက်စာတမ်းများ လွှဲပြောင်းလက်ခံခြင်း၊ သင်္ဘောအရာရှိချုပ်ထံမှ တင်ဆောင်လာသည့်စားသုံးဆီ၏ အလေးချိန်နှင့် အရည်အသွေးဆိုင်ရာထောက်ခံချက်စာရွက်စာတမ်းများကို စစ်ဆေးလက်ခံခြင်း၊ နမူနာယူခြင်းနှင့် တိုင်းထွာခြင်း၊ သင်္ဘောပေါ်ရှိ စားသုံးဆီများကို သတ်မှတ်စံချိန်စံညွှန်းနှင့် ညီညွတ်မှု ရှိ/မရှိ နမူနာယူခြင်း၊ ပမာဏမှန်ကန်မှု ရှိ/မရှိ တိုင်းထွာစစ်ဆေးခြင်းတို့ကိုပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ထို့ပြင် သိုလှောင်ကန်သွင်းခြင်း၊ စစ်ဆေးပြီးသော စားသုံးဆီများကို ကမ်းနားရှိသိုလှောင်ကန်များသို့ စနစ်တကျလွှဲပြောင်းသိုလှောင်ခြင်းတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။ The post ထီးတန်းဆိပ်ကမ်း၌ဆိုက်ကပ်ထားသော စားသုံးဆီတင် MT.AU GEMINI သင်္ဘောကိုကြည့်ရှုစစ်ဆေး appeared first on Popular .