ဖိလစ်ပိုင် လောင်စာဆီဖူလုံစေရန် ရုရှားနှင့် ဆွေးနွေးလျက်ရှိ

Credit to Popular Journal - အီရန်စစ်ပွဲ ပြင်းထန်နေချိန်တွင် နိုင်ငံများအနေဖြင့် ကုန်သွယ်ရေးစာချုပ်များကို လေးစားလိုက်နာရန် လိုအပ်ကြောင်းနှင့် ဖိလစ်ပိုင်နိုင်ငံသည် ၎င်း၏ လောင်စာဆီလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် အင်ဒိုနီးရှား၊ ရုရှားတို့နှင့် ဆွေးနွေးနေကြောင်း စွမ်းအင်ဝန်ကြီး Sharon Garin က ပြောကြားခဲ့သည်။ ဖိလစ်ပိုင်၏ စွမ်းအင်ဆိုင်ရာ အရာရှိများနှင့် သံတမန်များသည် ဖိလစ်ပိုင်သို့ လောင်စာဆီတင်ပို့နေသည့် နိုင်ငံများသို့ ချဉ်းကပ်ကာ “နှစ်ရှည်ကြာပြီဖြစ်သော သဘောတူညီချက်များ” ကို ဆက်လက်လုပ်ဆောင်ရန် တောင်းဆိုထားကြောင်း၊ အကြောင်းမှာ ထိုနိုင်ငံများနှင့် ဖိလစ်ပိုင်အကြား ကောင်းမွန်သော ဆက်ဆံရေးရှိထားသောကြောင့်ဖြစ်ကြောင်း Garin က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု Bloomberg သတင်းတွင် ဖော်ပြထားသည်။ အဆိုပါနိုင်ငံများထဲတွင် တရုတ်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ထိုင်းနှင့် ဂျပန်နိုင်ငံတို့ ပါဝင်သည်။ ထို့အပြင် ဖိလစ်ပိုင်၏ လျှပ်စစ်ဓာတ်အား ထောက်ပံ့မှု […] The post ဖိလစ်ပိုင် လောင်စာဆီဖူလုံစေရန် ရုရှားနှင့် ဆွေးနွေးလျက်ရှိ appeared first on Popular .