လက်နက်ခဲယမ်းများနှင့်အတူ PDF အဖွဲ့ဝင် (၅၀၆) ဦး အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်ထံ အလင်းဝင်လာခဲ့

Credit to Popular Journal - မန္တလေးတိုင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထံသို့ လက်နက်ခဲယမ်းများနှင့်အတူ PDF အဖွဲ့ဝင် (၅၀၆) ဦးအလင်းဝင်လာခဲ့ရာ ယနေ့ မတ် ၁၉ ရက်နံနက်ပိုင်းက မိဘများထံပြန်လည်အပ်နှံခြင်းအခမ်းအနားကို စစ်ဌာနချုပ်ရှိ စစ်ရေးပြကွင်း၌ ကျင်းပခဲ့သည်။ PDF အဖွဲ့ဝင် အမျိုးသား (၄၅၃) ဦး၊ အမျိုးသမီး (၅၃) ဦး (စုစုပေါင်း ၅၀၆ ဦး) တို့သည် ‌ေ-သနတ် (၇၈) လက်အပါ အဝင် လက်နက်ခဲယမ်းများစွာနှင့်အတူ အလင်းဝင်လာခဲ့ကြခြင်းဖြစ်ရာတာဝန်ရှိသူများကကြိုဆို၍ ထောက်ပံ့ငွေများပေးခဲ့ကြသည်။ လက်ရှိအချိန်၌ နိုင်ငံတော်၏ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများအား နားလည်သဘောပေါက်လာသည့် PDF အဖွဲ့ဝင်များသည် နိုင်ငံတစ်ဝှမ်းရှိ စစ်ဌာနချုပ်နှင့် တပ်စခန်းများ၊ တာဝန်ရှိသူများထံဆက်သွယ်၍ အလင်းဝင်လာမှုများပြားလာခဲ့သည်။ Photo-MDY Image The post လက်နက်ခဲယမ်းများနှင့်အတူ PDF အဖွဲ့ဝင် (၅၀၆) ဦး အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်ထံ အလင်းဝင်လာခဲ့ appeared first on Popular .