အရပ်ဘက် အခြေခံအဆောက်အဦများကို အပ-စ်ရပ်ပါ–ပြင်သစ်

Credit to Popular Journal - ပါရီ၊ မတ်လ ၁၉ ရက် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်သည် လက်ရှိဖြစ်ပွားနေသော အီရန်စစ်ပွဲအတွင်း အရပ်ဘက်အခြေခံအဆောက်အဦများ အထူးသဖြင့် စွမ်းအင်နှင့် ရေပေးဝေရေးဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တို-က်ခိုက်နေမှုများကို ချက်ချင်းရပ်တန့်ရန် ကြာသပတေးနေ့တွင် တောင်းဆိုလိုက်ကြောင်း သိရသည်။ မက်ခရွန်၏ လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့သော သဝဏ်လွှာ၌ ၎င်းအနေဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၊ ကာတာနိုင်ငံ စော်ဘွား ရှိတ် တာမင် ဘင် ဟာမတ် အယ်လ် သာနီ တို့နှင့် စကားပြောဆိုခဲ့ကြောင်း ဖော်ပြထားသည်။ အီရန်နှင့် ကာတာနိုင်ငံတို့ရှိ သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး စခန်းများ တို-က်ခိုက်ခံရပြီးနောက် ယခုကဲ့သို့သော တို-က်ခိုက်မှုများကို ဆိုင်းငံ့ထားရန်မှာ ဘုံအကျိုးစီးပွားဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။စစ်ရေးအရ အရှိန်မြှင့်တင်မှုများ ရှိနေ၍ အရပ်သားပြည်သူများနှင့် ၎င်းတို့၏ အခြေခံလိုအပ်ချက်များအပြင် စွမ်းအင်ထောက်ပံ့မှုဆိုင်ရာ […] The post အရပ်ဘက် အခြေခံအဆောက်အဦများကို အပ-စ်ရပ်ပါ–ပြင်သစ် appeared first on Popular .