Credit to Popular Journal - ဘန်ကောက်၊ မတ် ၁၉ ရက် ထိုင်းနိုင်ငံတစ်ဝန်း မြို့တော်ဘန်ကောက်မှသည် မြောက်ဘက်အကျဆုံး ချင်းရိုင်ခရိုင်အထိ အင်္ဂါနေ့တွင် စက်သုံးဆီ ပြတ်လပ်မှုများ က ပိုမိုဆိုးရွားလာပြီး ဈေးနှုန်းများ မြင့်တက်လာတော့မည်ဖြစ်ရာ မော်တော်ယာဉ်မောင်းများသည် ဆီဆိုင်များ၌ တန်းစီစောင့်ဆိုင်းနေကြရကြောင်း သိရသည်။ အမေရိက-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် ရေကြောင်းသွားလာရေး အနှောင့်အယှက်ဖြစ်ကာ အရှေ့အလယ်ပိုင်းရှိ ရေနံချက်စက်ရုံများ ထိခိုက်ပျ-က်စီးခဲ့သဖြင့် ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်လာခဲ့သည်။ သို့ဖြစ်၍ အာဏာပိုင်များက ဒီဇယ်ဆီ လက်လီဈေးနှုန်းကို ကန့်သတ်ချက်များ ချမှတ်ခဲ့သည်။ သို့သော် အင်္ဂါနေ့သည် တစ်လီတာလျှင် ၃၃ ဘတ် (၁.၀၂ ဒေါ်လာ) နှုန်းဖြင့် နောက်ဆုံးသတ်မှတ်ထားသည့်နေ့ဖြစ်ပြီး ဗုဒ္ဓဟူးနေ့တွင် တစ်ဘတ်အောက်သာ ဈေးတက်မည်ဟု ထိုင်းပို့ဆောင်ရေးဝန်ကြီးက ပြောကြားထားသော်လည်း ပြည်သူအများစုကမူ ရက်ပိုင်းအတွင်း သိသိသာသာ ဈေးတက်လာမည်ကို စိုးရိမ်နေကြသည်။ […] The post ထိုင်းနိုင်ငံတွင် စက်သုံးဆီပြတ်လပ်မှု ဒုက္ခကြီးမားနေ appeared first on Popular .