ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ဝင်းအတွင်း စားသောက်ဆိုင်များအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူ

Credit to Popular Journal - ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ဝင်းအတွင်းရှိ စားသောက်ဆိုင်များအား လုပ်ကိုင်ခွင့်ပေးရန် အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်း သိရသည်။ တင်ဒါလျှောက်လွှာပုံစံများကို မတ်လ ၁၉ ရက်နေ့မှစတင်၍ ရုံးချိန်အတွင်း ရောင်းချသွားမည်ဖြစ်ပြီး တစ်စုံလျှင် ကျပ် ၃,၀၀၀ ဖြင့် ငွေလက်ခံဌာနတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။ ဝယ်ယူပြီးသူများသည် ငွေသွင်းပြေစာမိတ္တူဖြင့် စာရင်းပြုဌာနရုံးခန်းတွင် လျှောက်လွှာပုံစံများကို ရယူနိုင်မည်ဖြစ်သည်။ တင်ဒါလျှောက်လွှာများကို ဧပြီလ ၂ ရက်နေ့အတွင်း တင်သွင်းရမည်ဖြစ်ပြီး လျှောက်ထားသူကိုယ်တိုင် လာရောက်တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အိတ်ဖွင့်တင်ဒါများကို ဧပြီလ ၃ ရက်နေ့ နံနက် ၁၀ နာရီတွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။ အသေးစိတ်အချက်အလက်များကို စားသောက်ဆိုင်ခန်းနေရာချထားရေးနှင့် ကြီးကြပ်မှုကော်မတီ၏ အတွင်းရေးမှူး (ဌာနမှူး၊ စီမံ/ဘဏ္ဍာ) ထံ ဖုန်းနံပါတ် ၀၉-၇၉၀၇၀၁၁၈၃ ဖြင့် ဆက်သွယ်မေးမြန်းနိုင်ကြောင်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ အသိပေးထားသည်။ The post ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ဝင်းအတွင်း စားသောက်ဆိုင်များအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူ appeared first on Popular .