Credit to Popular Journal - မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ ပူးပေါင်းဆောင်ရွက်သည့် မိသားစုပြန်လည်ဆက်သွယ်ပေးရေး အခြေခံသင်တန်းဖွင့်လှစ်ပို့ချလျက်ရှိကြောင်းနှင့် သင်တန်းဖွင့်ပွဲကို မတ်လ (၁၇) ရက်၊ နံနက်ပိုင်းက ပုသိမ်မြို့တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းတွင် အလုပ်အမှုဆောင် ပါမောက္ခ ဒေါက်တာဒေါ်မြသူ တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဌ ဦးကြည်အောင်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။ သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်များ၊ တိုင်းဒေသကြီးကြက်ခြေနီ တပ်ဖွဲ့မှူးနှင့် မြို့နယ်၊ ခရိုင်တို့မှ တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ တာဝန်ရှိသူများ၊ မိသားစုပြန်လည်ဆက်သွယ်ပေးရေးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းတက်ရောက်မည့် ကြက်ခြေနီစေတနာလုပ်အားရှင်များ တက်ရောက်ခဲ့ကြပြီး သင်တန်းကို မတ်လ (၁၇) ရက်မှ (၁၉) ရက်အထိ သုံးရက်တာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ The post ပုသိမ်မြို့တွင် မိသားစုပြန်လည်ဆက်သွယ်ပေးရေးအခြေခံသင်တန်း ဖွင့်လှစ် appeared first on Popular .