ထူးချွန်သည့် ကျောင်းသားများအတွက် အမေရိကန်သံရုံးက Fulbright ပညာသင်ဆု ပေးမည်

Credit to Popular Journal - မြန်မာနိုင်ငံရှိ ထူးချွန်သည့် ကျောင်းသားများအတွက် Fulbright ပညာသင်ဆုပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ယမန်နေ့( မတ်လ ၁၈ ရက်) တွင် ထုတ်ပြန်သည်။ ထိုသို့ ခေါ်ယူနေသည့် ပညာသင်ဆုမှာ (၂၀၂၇- ၂၀၂၈) ပညာသင်နှစ်အတွက်ဖြစ်သည်။ လျှောက်ထားလိုသူများသည် လာမည့် (မေလ ၁ ရက်) နောက်ဆုံးထား၍ လျှောက်ထားရမည်လည်း ဖြစ်သည်။ ယခင်က အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံအပေါ် ခရီးသွားလာခွင့် ကန့်သတ်ချက်များကြောင့် Fulbright ပညာတော်သင်ဆု အစီအစဉ် ရပ်တန့်ထားခြင်း ဖြစ်သည်။ ယခုတွင် ပြန်လည်ခေါ်ယူခြင်းဖြစ်ကာ လျှောက်ထားသူများအနေဖြင့် လက်ရှိကန့်သတ်ချက်များနှင့် လျှောက်ထားရာတွင် သက်ဆိုင်ရာ ခရီးသွားခြွင်းချက်အတွက် အရည်အချင်းပြည့်မီရန် လိုအပ်၍ ထည့်သွင်းစဉ်းစားသင့်သည်ဟု သံရုံးက အသိပေးထားသည်။ The post ထူးချွန်သည့် ကျောင်းသားများအတွက် အမေရိကန်သံရုံးက Fulbright ပညာသင်ဆု ပေးမည် appeared first on Popular .