Credit to Popular Journal - ဝါရှင်တန်၊ မတ်လ ၁၈ ရက် အမေရိကန်ဗဟိုဘဏ် သည် ဗုဒ္ဓဟူးနေ့တွင် မဲခွဲဆုံးဖြတ်ရာ၌ ၁၁ မဲ – ၁ မဲဖြင့် အခြေခံအတိုးနှုန်းကို ၃.၅% မှ ၃.၇၅% အတွင်း၌သာ ပြောင်းလဲခြင်းမရှိဘဲ ဆက်လက်ထိန်းထားရန် ဆုံးဖြတ်ခဲ့သည်။ ယင်းမှာ ကုန်ဈေးနှုန်းကြီးမြင့်မှု ဆက်လက်ရှိနေခြင်းနှင့် အမေရိက-အစ္စရေးတို့၏ အီရန်အပေါ် စစ်ပွဲကြောင့် ဖြစ်ပေါ်လျက်ရှိသည့် မရေမရာဝေဝါးမှုများကြားမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အတိုးနှုန်းကို မပြောင်းလဲဘဲထားရန် ဆုံးဖြတ်ချက်မှာ ဈေးကွက်၏ မျှော်မှန်းချက်နှင့် ကိုက်ညီသော်လည်း ဗဟိုဘဏ်တာဝန်ရှိသူများက ရှေ့တွင် အတိုးနှုန်းလျှော့ချမှုအချို့ ရှိလာနိုင်သေးကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။ ဗဟိုဘဏ်၏ “dot plot” ခန့်မှန်းချက်အရ ယခုနှစ်အတွင်း အတိုးနှုန်းတစ်ကြိမ် လျှော့ချနိုင်ပြီး ၂၀၂၇ ခုနှစ်တွင် နောက်ထပ်တစ်ကြိမ် လျှော့ချနိုင်သည်ဟု ညွှန်းဆိုနေသည်။ သို့သော်လည်း […] The post အီရန်စစ်ပွဲရှိနေသော်လည်းကန်ဗဟိုဘဏ်ကအတိုးနှုန်းကိုမပြောင်းလဲ appeared first on Popular .