အာဖဂန်နစ္စတန်နှင့် ကစားရမည့် ဒုတိယအကျော့ အာရှဖလားခြေစစ်ပွဲကို မြန်မာနိုင်ငံ၌ ပြောင်းရွှေ့ကျင်းပမည်

Credit to Popular Journal - အာဖဂန်နစ္စတန်နှင့် ကစားရမည့် ဒုတိယအကျော့ အာရှဖလားခြေစစ်ပွဲစဉ်ကို မြန်မာနိုင်ငံသို့ ပြောင်းရွှေ့ကစားသွားမည်ဖြစ်ကြောင်း သိရသည်။ ယခင်က အဆိုပါ ပွဲစဉ်ကို ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ ကျင်းပရန် စီစဉ်ထားသော်လည်း လက်ရှိဖြစ်ပွားနေသည့် အရှေ့အလယ်ပိုင်း စစ်ရေးအခြေအနေကြောင့် မြန်မာနိုင်ငံသို့ပြောင်း ရွှေ့ကစားခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ပွဲစဉ်ကို မတ်လ (၂၆)ရက်တွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ အာဖဂန်နစ္စတန်နှင့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ မြန်မာ-အာဖဂန်နစ္စတန် ပထမအကျော့ပွဲစဉ်ကို မြန်မာနိုင်ငံက လက်ခံကစားခဲ့ပြီး မြန်မာအသင်းက (၂)ဂိုး (၁)ဂိုးဖြင့်အနိုင် ရရှိထားသည်။ မြန်မာအမျိုးသားအသင်းသည် ၂၀၂၇ AFC အာရှဖလားခြေစစ်ပွဲတွင် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ပဏာမ ကစားသမား (၂၈) ဦးစာရင်းကို ယနေ့တွင် ထုတ်ပြန်ထားသည်။ The post အာဖဂန်နစ္စတန်နှင့် ကစားရမည့် ဒုတိယအကျော့ အာရှဖလားခြေစစ်ပွဲကို မြန်မာနိုင်ငံ၌ ပြောင်းရွှေ့ကျင်းပမည် appeared first on Popular .