Credit to Popular Journal - လက်ရှိ ကူဝိတ်နိုင်ငံအတွင်းနှင့် ဒေသအတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများအတွင်း ကူဝိတ်အစိုးရမှ စစ်ပွဲအခြေအနေကို ရို-က်ကူးဖြန့်ဝေမှုများကို စောင့်ကြည့်အရေးယူနေသည်ဟု ကူဝိတ်ရှိ မြန်မာသံရုံးက ယနေ့ မတ်လ (၁၉) ရက်တွင် ထပ်မံထုတ်ပြန်သည်။ ထုတ်ပြန်ချက်တွင် ကူဝိတ်အစိုးရသည် ကူဝိတ်ရှိ နေထိုင်သူများအား စစ်ပွဲနှင့်ဆိုင်သော သတင်းများ၊ ဒုံးကျည်နှင့် ဒရုန်း ပ-စ်ခ-တ်မှု သတင်းနှင့် ဓါတ်ပုံ ၊ ဗီဒီယိုမှတ်တမ်းများ အပါအဝင် လုံခြုံရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု သွားလာလုပ်ဆောင်မှုများနှင့် လုံခြုံရေးအဆောက်အအုံများကို မှတ်တမ်းရယူခြင်း၊ ဖြန့်ဝေခြင်း၊ ထပ်ဆင့်ဖြန့်ဝေခြင်းများ မပြုလုပ်ရန်နှင့် အတည်မပြုနိုင်သည့် သတင်းများကို ဖြန့်ဝေခြင်းများ မပြုလုပ်ရန် တားမြစ်ထားသည်ဟု ဆိုသည်။ ထို့ပြင် ကျူးလွန်သူများကို စောင့်ကြည့်၊ ဖော်ထုတ်ရေးဆောင်ရွက်လျက်ရှိနေသည့်အတွက် မြန်မာနိုင်ငံသားများ သိရှိလိုက်နာရန် အသိပေးပြီးဖြစ်ကြောင်းနှင့် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအရ အရေးယူမှုများ ပိုမိုပြုလုပ်လာကြောင်း […] The post စစ်ပွဲအခြေအနေကို ရို-က်ကူးဖြန့်ဝေမှုများနှင့် ပတ်သက်ပြီး ကူဝိတ်အစိုးရက စောင့်ကြည့်အရေးယူနေ၍ မြန်မာနိုင်ငံသားများ အထူးသတိပြုကြရန် မြန်မာသံရုံးက ထပ်မံအသိပေး appeared first on Popular .