Credit to Popular Journal - ရိုးရာဖိုက်တာကျော်စွာဝင်းနှင့် ထိုင်းဖိုက်တာ လိပ်နင်ဂျာ ဆမင်းဒမ်းတို့ ယနေ့မတ်လ (၁၉)ရက်တွင် ဆေးစစ်ဝိတ်ချိန်ခဲ့ရာ ဆမင်းဒမ်းက 136.2 ပေါင်နှင့် ကျော်စွာဝင်းက 134.8 ပေါင်ရှိခဲ့ကြကြောင်း သိရသည်။ ဝိတ်ကွာခြားချက်အရ ကနဦး ပွဲပျ-က်သည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ရိုးရာဖိုက်တာကျော်စွာဝင်းလေ့ကျင့်နေသည့် ဖဲလ်တက်ကလပ်၏ ခွင့်ပြုချက်ဖြစ် နောက်ဆုံးယှဉ်ပြိုင်ထိုးသတ်ရန် သဘောတူညီခဲ့ကြသည်။ ထို့ကြောင့် ကျော်စွာဝင်းဘက်မှ ဆမင်းဒမ်း၏ ထိုးကြေးအတွင်းမှ ၃၀ ရာခိုင်နှုန်း ခံစားခွင့်ရရှိခဲ့ကြောင်း သိရသည်။ ရိုးရာဖိုက်တာ ကျော်စွာဝင်းက “Pro ပီသတဲ့ ကစားသမားကြီးဖြစ်ချင်တော့လဲ 61 ဆိုသော ဝိတ်ကော ရေဓာတ်ကော အားလုံးအဆင်ပြေစွာနဲ့ ဝင်သွားပါတယ် ခင်ဗျ”ဟု ရေး သားမျှဝေထားသည်။ ၎င်းတို့နှစ်ဦးသည် မနက်ဖြန် မတ်လ (၂၀)ရက် ညပိုင်းတွင် ကျင်းပပြုလုပ်မည့် ONE Friday Fight -147 […] The post ဝိတ်ကွာခြားသော်လည်း ပြိုင်ပွဲဖြစ်မြောက်ခဲ့ပြီဖြစ်သည့် ရိုးရာဖိုက်တာကျော်စွာဝင်းနှင့် လိပ်နင်ဂျာ ဆမင်းဒမ်း appeared first on Popular .