ချန်ပီယံရှမ်းယူနိုက်တက်အသင်း တောင်ကြီး ဗုဒ္ဓတက္ကသိုလ် (SSBU)တွင် အောင်ပွဲအထိမ်းအမှတ် စုပေါင်းကုသိုလ်ဒါန ပြုလုပ်

Credit to Popular Journal - ချန်ပီယံရှမ်းယူနိုက်တက်အသင်းသည် ယနေ့ မတ်လ (၁၉) ရက် နံနက်ပိုင်း၌ တောင်ကြီးမြို့ရှိ ဗုဒ္ဓတက္ကသိုလ် (SSBU) တွင် အောင်ပွဲအထိမ်းအမှတ် စုပေါင်းကုသိုလ်ဒါန ပြုလုပ်ခဲ့ကြောင်း သိရသည်။ ကုသိုလ်ပြုပွဲတွင် အသင်း၏ အုပ်ချုပ်နည်းပြအဖွဲ့ဝင်များ နှင့် ကစားသမားများမှ အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိ (DPhil, Oxford ) ထံမှ ဩဝါဒခံယူခဲ့ပြီး တက္ကသိုလ်ရှိ သံဃာတော်များအား နေ့ဆွမ်းဆက် ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ ယနေ့ပြုလုပ်ခဲ့သော ယနေ့ပြုလုပ်သည့် ကုသိုလ်ဒါနအတွ က် ပရိသတ်များထံသို့ မျှဝေလိုက်သည်ဟု အသင်းက ဆိုထားသည်။ The post ချန်ပီယံရှမ်းယူနိုက်တက်အသင်း တောင်ကြီး ဗုဒ္ဓတက္ကသိုလ် (SSBU)တွင် အောင်ပွဲအထိမ်းအမှတ် စုပေါင်းကုသိုလ်ဒါန ပြုလုပ် appeared first on Popular .