Credit to Popular Journal - CI ထုတ်ပေးခြင်းအား မြန်မာသံရုံးမှလိုအပ်သည်များကိုပံ့ပိုးကူညီပေးရန်အသင့်ရှိသည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဇော်စိုးမှ ယနေ့ မတ် ၁၉ ရက်နံနက်ပိုင်းက ပြောကြားသည်။ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်(CI) ထုတ်ပေးရေးစခန်း(၄)ခုတွင်တာဝန်ထမ်းဆောင်မည့် သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိနိုင်ငံဝန်ထမ်းများ၊ စခန်းတာဝန်ခံများအားတွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။ လုပ်ငန်းဆောင်ရွက်ရာတွင် နိုင်ငံရေး၊ လုံခြုံရေးအမြင်များထားရှိရန်၊ CI သက်သေခံလက်မှတ်ထုတ်ပေးရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကိုလိုက်နာဆောင်ရွက်ရန်၊ CI ထုတ်ပေးရေးလုပ်ငန်းစဉ်အောင်မြင်စေရေးအ တွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ပူးပေါင်းဆောင် ရွက်ရန်ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာသံရုံးအနေဖြင့်လည်း နိုင်ငံတာ်၏မူဝါဒများနှင့်အညီ လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးရန်အသင့်ရှိသည်ဟုလည်း မြန်မာသံအမတ်ကြီးက ပြောကြားခဲ့သည်။ The post CI ထုတ်ပေးခြင်းအား မြန်မာသံရုံးမှလိုအပ်သည်များကိုပံ့ပိုးကူညီပေးရန်အသင့်ရှိဟု မြန်မာသံအမတ်ကြီးပြော appeared first on Popular .