ရန်ကုန်၊ မတ် ၁၉ ကချင်ပြည်နယ်အတွင်းရှိ ဖားကန့်မြို့နယ်နှင့် မိုးညှင်းမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်နေသည့်အပြင် ဗန်းမော်စစ်မျက်နှာတွင်လည်း နေ့စဉ် လေကြောင်းမှ ဗုံးကျဲပစ်ခတ်နေကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ မတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် စစ်ကောင်စီ၏ Y12 လေယာဉ်က ဖားကန့်နယ်မြေအတွင်း ကင်းထောက်မှုများ ပြုလုပ်ခဲ့ပြီးနောက် မတ်လ ၁၈ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်တွင် တိုက်လေ ယာဉ် ၂ စီးဖြင့် KIA တပ်မဟာ ၉ နယ်မြေအတွင်းသို့ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ဖားကန့်တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲရာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကို ပစ်မှတ်ထား၍ လေ ကြောင်း တိုက်ခိုက်မှုများ […] The post ဖားကန့်နှင့် မိုးညှင်းတွင် တိုက်ပွဲမရှိဘဲ စစ်တပ်က ဗုံးကျဲ၊ ဗန်းမော်စစ်မျက်နှာတွင်လည်း လေကြောင်းတိုက်ခိုက်မှုများ ပိုတိုးလာ appeared first on Khit Thit Media .