ယနေ့ မတ် ၂၀ ရက်နံနက်ပိုင်းက ဇေကမ္ဘာဂေါက်ကွင်းမီးလောင်မှုအပါအဝင် မန္တလေးတိုင်းနှင့် ပဲခူးတိုင်းတို့ ၌မီးလောင်မှုများဖြစ်ပွား

Credit to Popular Journal - ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဂေါက်ကွင်း၌ မီးလောင်မှုအပါအဝင် မန္တလေးတိုင်းနှင့် ပဲခူးတိုင်းတို့၌ ယနေ့ မတ် ၂၀ ရက်နံနက်အစောပိုင်းက မီးလောင်မှုများဖြစ်ပွားခဲ့ကြောင်းမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဂေါက်ကွင်းတွင် နံနက် ၄ နာ ရီခွဲကျော်ခန့်က မီးလောင်မှုဖြစ်ပွား၍ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်း၊ အင်းစိန်ခရိုင်မီးသတ်စခန်း၊ ပုလဲအရန်မီးသတ်စခန်းတို့၏တပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၄ နာရီ ၄၅ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ ထို့ပြင် နံနက် ၃ နာရီခွဲကျော်ခန့်ကလည်း မန္တလေးတိုင်း၊ မြင်းခြံမြို့၊ အမှတ်(၁၃)ရပ်ကွက်၊ နယ်မြေ(၄)တွင် နေအိမ်မီးလောင်မှုဖြစ်ပွား၍ မြင်းခြံခရိုင်/မြို့နယ်/နယ်မြေမီးသတ်စခန်း၊ စက်မှုဇုန်အရန်မီးသတ်စခန်းနှင့် လူမှုကူညီရေးအသင်းဝင်များကငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၄ နာရီ ၂၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ ထို့အတူ နံနက် ၂ နာရီ ၃၅ မိနစ်ခန့်ကလည်း ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ […] The post ယနေ့ မတ် ၂၀ ရက်နံနက်ပိုင်းက ဇေကမ္ဘာဂေါက်ကွင်းမီးလောင်မှုအပါအဝင် မန္တလေးတိုင်းနှင့် ပဲခူးတိုင်းတို့ ၌မီးလောင်မှုများဖြစ်ပွား appeared first on Popular .