စက်သုံးဆီစျေး တစ်လီတာလျှင် ပျမ်းမျှ ကျပ် ၇၀၀ ကျော် မြင့်တက်

Credit to Popular Journal - အရှေ့အလယ်ပိုင်းက စစ်ရေးပဋိပက္ခများကြောင့် ယနေ့ ရည်ညွှန်းစျေး၌ စက်ဆုံးဆီဈေး အပြောင်းအလဲဖြစ်ကာ ယခင်တစ်ပတ်ထက် တစ်လီတာလျှင် ပျမ်းမျှ ကျပ် ၇၀၀ ကျော် မြင့်တက်လာသည်။ (92)တစ်လီတာလျှင် မတ်လ ၁၃ ရက်က ကျပ် ၂၈၃၀ရှိခဲ့ရာက မတ် ၂၀ ရက်တွင် ၃၆၁၀ ကျပ်ဖြစ်သွားသည်။ ထို့အတူ (95) တစ်လီတာလျှင် မတ် ၁၃ ရက်က ကျပ် ၂၉၃၀ ရှိခဲ့ရာက မတ် ၂၀ ရက်တွင် တစ်လီတာလျှင် ကျပ် ၃၈၅၀ ကျပ် ဖြစ်သွားသည်။ နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းတို့ဖြင့် ပူးပေါင်းဆောင်ရွက်ကာ စက်သုံးဆီစျေးနှုန်းကို တည်ငြိမ်အောင် ဆောင်ရွက်လျက်ရှိနေသည်ဟု မတ်၁၄ က ထုတ်ပြန်ထားသည်။ လတ်တလောတွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့၌ […] The post စက်သုံးဆီစျေး တစ်လီတာလျှင် ပျမ်းမျှ ကျပ် ၇၀၀ ကျော် မြင့်တက် appeared first on Popular .