Sea Game နှင့် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲတွင် မကွေးတိုင်းကိုယ်စားပြု ဆုရရှိခဲ့သည့် ကစားသမားများကို ဂုဏ်ပြုချီးမြှင့်

Credit to Popular Journal - (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးကိုယ်စားပြုကစားသမားများက ဆုရရှိအောင်စွမ်းဆောင်ခဲ့သူများကို ဂုဏ်ပြုချီးမြှင့်ပွဲကို ယမန်နေ့ က ပြုလုပ်ခဲ့ကြောင်း သိရသည်။ တိုင်းဒေသကြီး ဂုဏ်ဆောင် အုပ်ချုပ်သူ နည်းပြ နှင့် ကစားသမားများကို မ‌ကွေးမြို့တော်ခန်းမတွင် ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး မကွေးတိုင်းဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက တက်ရောက်ခဲ့ကြောင်း သိရသည်။ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီး ကိုယ်စားပြုကစားသမားများ က ရွှေတံဆိပ် တစ်ခု၊ ငွေတံဆိပ် ၃ ခု နှင့် ကြေးတံဆိပ် လေးခု ရရှိခဲ့ပြီး (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင်လည်း ရွှေတံဆိပ်တစ်ခု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။ အာဆီယံ နိုင်ငံများ ၏ အမြင့်ဆုံး အားကစားအဆင့်တန်းကို […] The post Sea Game နှင့် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲတွင် မကွေးတိုင်းကိုယ်စားပြု ဆုရရှိခဲ့သည့် ကစားသမားများကို ဂုဏ်ပြုချီးမြှင့် appeared first on Popular .