ပြင်းထန်သည့်ယာဥ်တို-က်မှု ရန်ကုန် အမှတ်(၃)လမ်းဆုံတွင်ဖြစ်ပွား (၂)ဦး‌ေ-သဆုံးခဲ့

Credit to Popular Journal - ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ အမှတ်(၃)လမ်းဆုံတွင် ယနေ့ မတ် ၂၀ ရက်နံနက် ၆ နာရီခန့်က ပြင်းထန်သည့်ယာဥ်တို-က်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ အဆိုပါ ပြင်းထန်သည့်ယာဥ်တို-က်မှုသည် လှည်းကူးမြို့နယ်၊ အမှတ်(၃)လမ်းဆုံ၊ စစ်ဆေးရေးဂိတ်အနီးတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ယာဥ်တို-က်မှုကြောင့် ကားခေါင်းခန်းအတွင်းလူညပ်နေသဖြင့် လှည်းကူးမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ပြင်ပသို့သယ်ထုတ်မှုများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် အမျိုးသား(၂)ဦးမှာ ထိခိုက်ဒဏ်ရာများရရှိပြီး ‌ေ-သဆုံးခဲ့၍ ရုပ်အလေ-ာင်းများအား ဂရုဏာရှင်လူမှုကူညီရေးအသင်းမှ လှည်းကူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။ The post ပြင်းထန်သည့်ယာဥ်တို-က်မှု ရန်ကုန် အမှတ်(၃)လမ်းဆုံတွင်ဖြစ်ပွား (၂)ဦး‌ေ-သဆုံးခဲ့ appeared first on Popular .