Credit to Popular Journal - အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် ကြာသပတေးနေ့တွင် ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကာအိချိနှင့် တွေ့ဆုံစဉ် အီရန်စစ်ပွဲနှင့် ရေနံဈေးနှုန်း မြင့်တက်မှုပြဿနာများတွင် မဟာမိတ်များအနေဖြင့် ပိုမိုပံ့ပိုးကူညီရန် တိုက်တွန်းလိုက်သည်။ ထို့ပြင် ၎င်း၏ အီရန်စစ်ဆင်ရေးကို လျှို့ဝှက်လုပ်ဆောင်ခဲ့ခြင်းအတွက် ခုခံကာကွယ်ပြောဆိုရာတွင် ဂျပန်၏ ပုလဲဆိပ်ကမ်းကို အလစ်အငိုက် တို-က်ခိုက်ခဲ့မှုကို ကိုးကား၍ ပြောကြားခဲ့ကြောင်း သိရသည်။ အိမ်ဖြူတော်တွင် တာကာအိချိကို ဖက်လဲတကင်း ကြိုဆိုခဲ့သော ထရမ့်ပ်သည် အရှေ့အာရှရှိ အမေရိက၏ အရင်းနှီးဆုံး မဟာမိတ်ခေါင်းဆောင်ကိုချီးမွမ်းစကားများ ဆိုခဲ့သည်။ သို့သော်လည်း အီရန်၏ ပိတ်ဆို့မှုကြောင့် ဟောမုဇ်ရေလက်ကြားအတွင်းရှိ ရေနံတင်သင်္ဘောများကို လုံခြုံရေးလိုက်ပါပေးရန်နှင့် မိုင်းရှင်းလင်းရန်အတွက် မဟာမိတ်များထံမှ စစ်သင်္ဘောများကို ပိုမိုလိုအပ်သည်ဟု ဖိအားပေးပြောကြားခဲ့ကြောင်း သိရသည်။ “ဂျပန်အနေနဲ့ ပိုပြီးပါဝင်ကူညီဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ အပြန်အလှန် ကူညီတဲ့ […] The post ထရမ့်ပ်နှင့်ဆနားအဲတို့တွေ့ဆုံ၊ အီရန်အရေးဂျပန်နှင့် နေတိုးကူညီပေး appeared first on Popular .