ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ CNG ဆိုင် (၄၁)ဆိုင်တွင် ပိတ်ရက်မရှိ CNG ဓာတ်ငွေ့များ ရောင်းချပေးလျက်ရှိ

Credit to Popular Journal - စွမ်းအင်ဝန်ကြီးဌာနမှ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့ စေရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ CNG ဆိုင် (၄၁)ဆိုင်တွင် ပိတ်ရက်မရှိ CNG ဓာတ်ငွေ့များ ရောင်းချပေးလျက်ရှိသည်။ ထိုသို့ရောင်းချပေးရာတွင် နေ့စဉ် မနက် လေးနာရီမှ ည(၁၁)နာရီအထိ ပိတ်ရက်မရှိ ရောင်းချပေးနေခြင်းလည်း ဖြစ်သည်။ “CNG ယာဉ်တွေကို နေ့စဉ် သဘာဝဓာတ်ငွေ့ ကုဗပေ သန်းပေါင်း ၂၂ သန်းနဲ့ ၂၃ သန်းကို ဆိုင် ၄၁ ဆိုင်ကနေရောင်းချပေးနေပါတယ်။ CNGဌာနအနေနဲ့လည်း လက်ရှိအနေအထားမှာ ကားတွေအခက်အခဲမရှိအောင်၊ စက်ပစ္စည်းတွေပျက်စီးမှုကြောင့် ကားတန်းစီမှုမရှိအောင် ၊အကြောင်းအမျိုးမျိုးကြောင့် ကားတန်းစီမှုမရှိအောင် နောက်ဆုံးဆိုင်ဖွင့်၊ ဆိုင်ပိတ်ချိတ်မှာတောင် ဆိုင်မှာကားရှိနေရင် ကားတွေကုန်မှ ပိတ်ဖို့ပြောကြားထားပါတယ်” ဟု စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ ရေနံနှင့် သဘာ၀ဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံးသဘာ၀ဓာတ်ငွေ့ဌာနမှ ညွှန်ကြားရေးမှူး ဦးခွန်မျိုးသန့်က ပြောသည်။ […] The post ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ CNG ဆိုင် (၄၁)ဆိုင်တွင် ပိတ်ရက်မရှိ CNG ဓာတ်ငွေ့များ ရောင်းချပေးလျက်ရှိ appeared first on Popular .