Credit to Popular Journal - မတ် ၂၀ ရက် ကမ္ဘောဒီးယားနိုင်ငံသည် ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့မှ စက်သုံးဆီတင်ပို့မှု လျော့နည်းသွားခြင်းကို အစားထိုးရန်အတွက် စင်ကာပူနှင့် မလေးရှားနိုင်ငံတို့ရှိ ဖြန့်ဖြူးရောင်းချသူများထံမှ စက်သုံးဆီ ကိုပိုမို၍ တင်သွင်းရန် လုပ်ဆောင်နေကြောင်း သတ္တုတွင်းနှင့် စွမ်းအင်ဝန်ကြီး ကဲအို ရတ်တာနက်က ပြောကြားခဲ့ပါသည်။ ယခုကဲ့သို့ အပြောင်းအလဲလုပ်ဆောင်ရခြင်းမှာ အမေရိက-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော ပဋိပက္ခအပါအဝင် ပထဝီနိုင်ငံရေး တင်းမာမှုများကြောင့် ကမ္ဘာ့စက်သုံးဆီဈေးကွက်တွင် အနှောင့်အယှက်များ ဖြစ်ပေါ်နေခြင်းကြောင့် ဖြစ်သည်။ ဝန်ကြီးက သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားရာ၌ လူဦးရေ ၁၈ သန်းနီးပါးကို ဝန်ဆောင်မှုပေးလျက်ရှိသည့် ကမ္ဘောဒီးယားရှိ စက်သုံးဆီဆိုင်ပေါင်း ၆,၃၀၀ အနက် သုံးပုံတစ်ပုံခန့်မှာ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့မှစတင်၍ ပိတ်ထားခဲ့ရကြောင်း သိရသည်။ ဆီဆိုင်ပိုင်ရှင်အချို့သည် နောက်ထပ်ဈေးတက်လာမည့်အရေးကို မျှော်မှန်းပြီး ဆီများကို သိုလှောင်ထားခြင်း […] The post ကမ္ဘောဒီးယားက စင်ကာပူနှင့်မလေးရှားတို့မှ ပိုမို၍ဆီတင်သွင်းမည် appeared first on Popular .