Credit to Popular Journal - မင့်စ်ခ်၊ မတ်လ ၂၀ ရက် နယ်စပ်ဖြတ်ကျော်ဂိတ်များတွင် ပုံမှန်လုပ်ငန်းစဉ်များ ပြန်လည်လည်ပတ်လုပ်ကိုင်နိုင်ရေးအတွက် အနောက်ဘက်အိမ်နီးချင်းနိုင်ငံများနှင့် အဆင့်မြင့်ဆွေးနွေးပွဲများ ကြိုကျင်းပပြုလုပ်ရန် ဘယ်လာရုစ်နိုင်ငံက အသင့်ရှိနေကြောင်း နိုင်ငံခြားရေးဝန်ကြီး မက်ဆင် ရိုင်ဇန်ကို့ဗ် က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ပိုလန်နိုင်ငံနှင့် ထိစပ်နေသော ဘရက်စ် နှင့် ကိုဇလိုဗီချီ နယ်စပ်ဂိတ်များသို့ သွားရောက်စဉ်အတွင်း ရိုင်ဇန်ကို့ဗ်က ဘီလာရုစ်အနေဖြင့် နယ်စပ်လုပ်ငန်းစဉ်များ အပြည့်အဝ တရားဝင်ပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် အခြေအနေသို့ ပြန်လည်ရောက်ရှိရန် ကတိပြုထားဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဝန်ကြီးက ဘီလာရုစ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော အီးယူ နိုင်ငံများ၏ “မိမိသဘောအတိုင်း သီးခြားခွဲထွက်နေမှု” ကို ဝေဖန်ခဲ့ပြီး နယ်စပ်များ ပိတ်ထားခြင်းသည် ထိုနိုင်ငံများကို ဘယ်လာရုစ်နိုင်ငံမှသာမက အာရှ၏ အဓိကဈေးကွက်ကြီးများမှလည်း အဆက်အသွယ် ပြတ်တောက်သွားစေကြောင်း ထောက်ပြခဲ့သည်။ […] The post ဘယ်လာရုစ်က အနောက်အိမ်နီးချင်းများနှင့် နယ်စပ်အရေး ဆွေးနွေးမည် appeared first on Popular .