Credit to Popular Journal - မတ် ၂၀ ရက် တရုတ်နိုင်ငံသည် ပြီးခဲ့သည့်နှစ်က လျှို့ဝှက်လုပ်ဆောင်ခဲ့သော ပတ်လမ်းမြင့် ဂြိုဟ်တုအချင်းချင်း လောင်စာဖြည့်တင်းမှု စမ်းသပ်ချက်အပြီးတွင်၊ ယခုအခါ ဂြိုဟ်တုချင်း ချိတ်ဆက်ခြင်းနှင့် လောင်စာဖြည့်တင်းခြင်း နည်းပညာများကို ပိုမိုတိုးတက်စေရန် ဒုတိယအကြိမ်မြောက် အာကာသတွင်း ဝန်ဆောင်မှုမစ်ရှင်တစ်ခုကို ထပ်မံလုပ်ဆောင်နေကြောင်း သိရသည်။ အဆိုပါစမ်းသပ်ချက်တွင် သက်တမ်းကုန်ဆုံးတော့မည့် ဂြိုဟ်တုများကို ပတ်လမ်းအတွင်းမှ အမြန်ဆုံး ဖယ်ရှားရှင်းလင်းနိုင်မည့် နည်းလမ်းများကိုလည်း စမ်းသပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် တနင်္လာနေ့က ဂိုဘီသဲကန္တာရရှိ ကျို့ချွမ် ဂြိုဟ်တုလွှတ်တင်ရေးစခန်းမှ လွှတ်တင်ခဲ့သော Hukeda-2 ဂြိုဟ်တုသည် အခြားအာကာသယာဉ်များကို ဖမ်းယူရန်အတွက် ပျော့ပျောင်းကွေးညွှတ်နိုင်သော စက်ရုပ်လက်တံ တပ်ဆင်ထားသည့် တရုတ်နိုင်ငံ၏ ပထမဆုံးသော စီးပွားဖြစ်စမ်းသပ်ဂြိုဟ်တုဖြစ်ကြောင်း နိုင်ငံပိုင် သိပ္ပံနှင့်နည်းပညာနေ့စဉ်သတင်းစာက ဖော်ပြခဲ့သည်။ “အာကာသစခန်းတွေမှာ အသုံးများတဲ့ မာကျောတဲ့ စက်ရုပ်လက်တံတွေနဲ့မတူဘဲ ဒီလက်တံကို ဆင်နှာမောင်း […] The post တရုတ်ဂြိုဟ်တုတွင် တပ်ထားသောစက်ရုပ်လက်တံကလောင်စာဖြည့်တင်းရန်စမ်းသပ် appeared first on Popular .