ရန်ကုန်၊ မတ် ၂၀ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ နဘက်စံပြရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထိခိုက်မှုရှိပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ မတ်လ ၂၀ ရက်နေ့ နံနက် ၁၁ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးသည် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ နေအိမ် ၅ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။ “ပြည်သူတွေ ထိခိုက်မှုရှိတယ်ဆိုတာကတော့ အတည်ပြုလို့ရတယ်။ သေဆုံးသူ ရှိ၊မရှိ ဆိုတာတော့ အတည်မပြုနိုင်သေးဘူး။ နေအိမ် […] The post မြောင်မြို့နယ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူများ ထိခိုက်မှုရှိပြီး နေအိမ်များ ပျက်စီး၊ ပခုက္ကူမြို့နယ်ရှိ ကူကျွန်းရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီး appeared first on Khit Thit Media .