ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌ အဖြစ် ဒေါက်တာစန်းရွှေ၊ ဒုတိယဥက္ကဌအဖြစ် ဒေါက်တာထင်လင်းဦး ကို ရွေးချယ်

Credit to Popular Journal - တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ယနေ့ (မတ်၂၀)၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဒေါက်တာစန်းရွှေနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ဒေါက်တာ ထင်လင်းဦးအား ရွေးချယ်လိုက်သည်။ ဒေါက်တာစန်းရွှေသည် စစ်တွေမဲဆန္ဒနယ်အမှတ် (၂) မှ ဖြစ်သည်။ ဒေါက်တာထင်လင်းဦးသည် မြေပုံမဲဆန္ဒနယ်အမှတ် (၂)မှ ဖြစ်သည်။ ရွေးချယ်ခံရသော ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌတို့က သဘာပတိ ရှေ့မှောက်တွင် ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ တတိယအကြိမ် ရခိုင်ပြည်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့၌ လွှတ်တော်ကိုယ်စားလှယ် (၂၁) ဦးနှင့် တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၇) ဦး စုစုပေါင်း (၂၈)ဦး တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။ The post ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌ အဖြစ် ဒေါက်တာစန်းရွှေ၊ ဒုတိယဥက္ကဌအဖြစ် ဒေါက်တာထင်လင်းဦး ကို ရွေးချယ် appeared first on Popular .