ဦးစန်းကိုအား ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဦးအေးမင်းထွေးအား ဒု-ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင် မြှောက်

Credit to Popular Journal - ယနေ့ မတ် ၂၀ ရက်နံနက်ပိုင်းကကျင်းပသည့် ကရင် ပြည်နယ်၏ တတိယအကြိမ်ကရင်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေးပထမနေ့တွင် သံတောင်ကြီးမြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)ဦးစန်းကိုအား ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ မြဝတီမြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)ဦးအေးမင်းထွေးအား ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌတို့အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြသည်။ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌတို့သည် လွှတ် တော်သဘာပတိဖြစ်သူ ဘားအံမြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)ဦးစောမြင့်ဦးရှေ့မှောက်တွင် ကတိသစ္စာပြုကာ ကတိသစ္စာပြုလွှာပေါ်တွင်လက်မှတ်ရေးထိုးပြီး သဘာပတိမှ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအား လွှတ်တော်အစည်းအဝေးဆိုင်ရာလုပ်ငန်းတာဝန်များကိုလွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစန်းကိုက နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ကာ အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ်များက ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်းများလည်းပြုလုပ်ခဲ့ကြသည်။ The post ဦးစန်းကိုအား ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဦးအေးမင်းထွေးအား ဒု-ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင် မြှောက် appeared first on Popular .