ရန်ကုန်၊ မတ် ၂၀ ရုရှားထံမှ လေယာဉ်ဆီနှင့်စက်သုံးဆီများ တိုးမြှင့်ဝယ်ယူရေး အကြမ်းဖက်စစ်တပ်က လုပ်ဆောင်နေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့စတင်ခဲ့သော အီရန်နှင့် အမေရိကန်-အစ္စရေးတို့၏ တိုက်ပွဲကြောင့် လေယာဉ်ဆီနှင့် စက်သုံးဆီများ ဝယ်ယူမရတော့ဘဲ ဖြစ်လာနေရာ စစ်တပ်က ရုရှားထံမှ စက်သုံးဆီနှင့် လေယာဉ်ဆီများ တိုးမြှင့် ဝယ်ယူရေး ကြိုးပမ်းလာခြင်းဖြစ်ကြောင်း သိရှိရသည်။ “လေယာဉ်ဆီကတော့ MAI ရော MNA ပါ မရနိုင်တော့လို့ ပြည်တွင်း ခရီးစဉ်တွေ တောက်လျှောက် ဖျက်သိမ်းနေတယ်။ တပ်မှာတော့ အရန်လေယာဉ်ဆီတွေ ကျန်သေးတယ်။ ထုတ်လည်းသုံးနေပြီ။ ရုရှားက ဆီမှာတာက ခရီးက ဝေးလွန်းတော့ ကုန်ကျစရိတ်နဲ့ အချိန်ကြာတယ်။ အခုကတော့ ရုရှားဘက်က ဆီပြန်သွင်းဖို့ လုပ်နေပြီ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က […] The post ရုရှားထံမှ လေယာဉ်ဆီနှင့်စက်သုံးဆီများ တိုးမြှင့်ဝယ်ယူရေး အကြမ်းဖက်စစ်တပ်က ပြန်လည် လုပ် ဆောင်နေ၊ ခရီးကွာဝေးလွန်း၍ အလုပ်မဖြစ်ခဲ့ရာမှ ရုရှားဆီဝယ်ရေး ပြန်လည်စတင် appeared first on Khit Thit Media .