ရန်ကုန်၊ မတ် ၂၀ ပဲခူးတိုင်းရဲတပ်ဖွဲ့၊ တိုင်းရဲအကူတပ်ဖွဲ့ခွဲရုံးခန်းမှ ရဲဒုတပ်ကြပ် ထွန်းဝေဆိုသူသည် အထက်အရာရှိများ၏ အမိန့်ဖြင့် ပဲခူးမြို့အထွက်ဂိတ်တွင် ဆက်ကြေးကောက်ခံနေသည့်အပြင်၊ ရဲတပ်ဖွဲ့ဝင်အချင်း ချင်းထံမှလည်း လစဉ်ငွေကျပ်သိန်းချီ အတင်းအဓမ္မငွေညှစ်နေကြောင်း ရဲမိသားစုဝင်များ၏ ပြောကြားချက်အရ သိရသည်။ ရဲဒုတပ်ကြပ် ထွန်းဝေသည် တပ်ဖွဲ့ခွဲမှူး ရဲအရာရှိ သန်းဝင်း၏ အမိန့်ဖြင့် ရဲတပ်ဖွဲ့ဝင်အချင်းချင်းအပေါ် နယ်ပြောင်းရွှေ့ခြင်း၊ လှုပ်ရှားစစ်ကြောင်းနှင့် သင်တန်းစာရင်းများတွင် ပါဝင်ခြင်း စသည့်အကြောင်းပြချက်များဖြင့် ခြိမ်းခြောက်ငွေညှစ်နေခြင်းဖြစ်သည်။ ရဲအပြောင်းအရွှေ့စာရင်းမှ ပယ်ဖျက်ပေးရန်အတွက် ရဲတစ်ဦးလျှင် ငွေကျပ် ၃ သိန်းစီ တောင်းခံနေသဖြင့် အောက်ခြေရဲဝန်ထမ်းအချို့မှာ ပြင်ပတွင် အတိုးဖြင့် ငွေချေးငှားကာ လစဉ်ပေးဆောင်နေရသည်။ ထို့ပြင် ရဲဒုတပ်ကြပ် ထွန်းဝေက အွန်လိုင်းလောင်းကစား (စလော့ဂိမ်း) ရှုံးနိမ့်သည့်အခါတိုင်းတွင်လည်း လက်အောက်ငယ်သားများကို ညတွင်းချင်း Kpay သို့မဟုတ် Wave Pay […] The post ပဲခူးမြို့တွင် ရဲအရာရှိများ၏ အမိန့်ဖြင့် ရဲဒုတပ်ကြပ်ထွန်းဝေက ဂိတ်ဖွင့် ဆက်ကြေးကောက်နေ appeared first on Khit Thit Media .