ဂုဏ်ပြုအလှူငွေကျပ်သိန်း(၄)သောင်းခွဲကျော်ကို အလှူရှင်များက (၈၁)နှစ်မြောက်တပ်မတော်နေ့ကိုဂုဏ်ပြုကြိုဆိုလှူဒါန်း

Credit to Popular Journal - လာမည့် မတ် ၂၇ ရက်တွင်ကျရောက်မည့် (၈၁)နှစ် မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့် စေတနာရှင်၊ အလှူရှင်များမှ ဂုဏ်ပြုအလှူငွေကျပ်သိန်း (၄)သောင်းခွဲကျော်ကို ယနေ့ မတ် ၂၀ ရက်မွန်းလွဲပိုင်းက နေပြည်တော်၌လှူဒါန်းခဲ့ကြကြောင်း သိရသည်။ စေတနာရှင်အလှူရှင်များလှူဒါန်းသည့် ဂုဏ်ပြုအလှူငွေကျပ်သိန်း(၄)သောင်းခွဲကျော်ကို တပ်မတော်နေ့ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်ပြည့်စုံလင်း၊ တပ်မတော်နေ့ကျင်းပရေးစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်၊ တပ်မတော် နေ့ကျင်းပရေးစစ်ရေးပြလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ဒု-တပ်မ တော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်စန်းယုနိုင်၊ တပ်မတော်နေ့စစ်ရေးပြမှူးကြီး ဗိုလ်ချုပ်မင်းမင်းစိုးတို့ကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့နောက် တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်ပြည့်စုံလင်းက ကျေးဇူးတင်စကားပြောကြားပြီး အလှူရှင်များနှင့် တက်ရောက်လာကြသူများကို ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊ လေ)ဗိုလ်ချုပ်ကြီးကျော်စွာလင်း နှင့်တာဝန်ရှိသူများကနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။ The post ဂုဏ်ပြုအလှူငွေကျပ်သိန်း(၄)သောင်းခွဲကျော်ကို အလှူရှင်များက (၈၁)နှစ်မြောက်တပ်မတော်နေ့ကိုဂုဏ်ပြုကြိုဆိုလှူဒါန်း appeared first on Popular .