အက်ရှင်မင်းသားကြီး ချပ်ခ်နောရစ်(Chuck Norris) အသက် ၈၆ နှစ်အရွယ်တွင် ကွယ်လွန်

Credit to Popular Journal - မိသားစုဝင်များ၏ ပြောကြားချက်အရ ၁၉၈၀ ပြည့်လွန်နှစ်များ၏ နာမည်ကျော် အက်ရှင်ရုပ်ရှင်မင်းသားနှင့် ကိုယ်ခံပညာချန်ပီယံဟောင်း ချပ်ခ်နောရစ်(Chuck Norris) သည် အသက် ၈၆ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။ သောကြာနေ့က Instagram တွင် တင်ခဲ့သည့် မိသားစုထုတ်ပြန်ချက်၌ နောရစ်၏ ကွယ်လွန်မှုမှာ ရုတ်တရက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ “ကျွန်တော်တို့ရဲ့ ချစ်လှစွာသော ချပ်ခ်နောရစ်ဟာ မနေ့မနက်ပိုင်းမှာ ရုတ်တရက် ကွယ်လွန်သွားခဲ့ကြောင်း ဝမ်းနည်းကြေကွဲစွာနဲ့ အသိပေးအပ်ပါတယ်” ဟု မိသားစုက ရေးသားထားသည်။ “ကွယ်လွန်ရတဲ့ အခြေအနေတွေကို သီးသန့်ပဲ ထားရှိလိုပေမယ့်၊ သူဟာ မိသားစုဝင်တွေ ဝန်းရံလျက် အေးအေးချမ်းချမ်းပဲ ထွက်ခွာသွားခဲ့တာကို သိစေချင်ပါတယ်” Variety မဂ္ဂဇင်း၏ ဖော်ပြချက်အရ နောရစ်သည် ကြာသပတေးနေ့ကတည်းက ဟာဝိုင်ယီကျွန်းရှိ ဆေးရုံတစ်ခုတွင် တက်ရောက်ကုသနေခဲ့သော်လည်း အသေးစိတ်အချက်အလက်များကိုမူ ထုတ်ပြန်ထားခြင်း […] The post အက်ရှင်မင်းသားကြီး ချပ်ခ်နောရစ်(Chuck Norris) အသက် ၈၆ နှစ်အရွယ်တွင် ကွယ်လွန် appeared first on Popular .