Credit to Popular Journal - သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်အနေဖြင့် အီရန်အပေါ် ဆင်နွှဲနေသည့် စစ်ဆင်ရေးများကို “လျှော့ချရန်” စဉ်းစားနေပြီဖြစ်ပြီး၊ ဟော်မုဇ်ရေလက်ကြားကိုမူ အခြားနိုင်ငံများကသာ ဝိုင်းဝန်းစောင့်ရှောက်ကာကွယ်ကြရမည်ဟု ပြောကြားလိုက်သည်။ သို့ရာတွင် အပစ်အခတ်ရပ်စဲရေးကိုမူ လက်မခံကြောင်း ထရမ့်က ဆိုသည်။ “တစ်ဖက်လူကို အပြတ်အသတ် ချေမှုန်းနေတဲ့အချိန်မှာ အပစ်အခတ်ရပ်စဲရေးဆိုတာမျိုး မလုပ်ရဘူး” ဟု သူက မှတ်ချက်ပေးသည်။ စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကို ထိန်းချုပ်နိုင်ရန်အတွက် ပင်လယ်ပြင်တွင် ပိတ်မိနေသည့် အီရန်ရေနံများအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ခေတ္တဆိုင်းငံ့ပေးမည်ဟုလည်းာထရမ့်က ပြောကြားသည်။ ကမ္ဘာ့ရေနံ ၂၀ ရာခိုင်နှုန်းခန့် ဖြတ်သန်းရာ အရေးပါသည့် ဟော်မုဇ်ရေလက်ကြားကို ပစ်မှတ်ထားနေသည့် အီရန်စခန်းများကို တိုက်ခိုက်ရန်အတွက် ဗြိတိန်က ၎င်း၏စစ်အခြေစိုက်စခန်းများကို အမေရိကန်အား အသုံးပြုခွင့်ပေးခဲ့သော်လည်း ဗြိတိန်၏ ထိုဆုံးဖြတ်ချက်သည် “အလွန်နောက်ကျလွန်းသည်” ဟု ထရမ့်ကဝေဖန်ခဲ့သည်။ အီရန်နိုင်ငံခြားရေးဝန်ကြီးက ဗြိတိန်ဝန်ကြီးချုပ် […] The post အမေရိကန်က အီရန်စစ်ပွဲကို လျှော့ချရန် စဉ်းစားနေကြောင်းနှင့်၊ ဟော်မုဇ်ရေလက်ကြားကို အခြားနိုင်ငံများကသာ ကာကွယ်ကြပေတော့ဟု ထရမ့်ပြောကြား appeared first on Popular .