Credit to Popular Journal - ထိုင်းနိုင်ငံမှ နိုင်ငံတကာအဆင့်မီတက္ကသိုလ်(၂၆) ကျောင်းပါဝင်သည့် အခမဲ့ (၁၁)ကြိမ်မြောက် ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲကို ဧပြီ ၄ ရက်နံနက် ၉ နာရီမှ ည နေ ၄ နာရီအထိ ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပညာရေးပြပွဲကို ထိုင်းတက္ကသိုလ်ဘွဲ့ရ မြန်မာကျောင်းသားများအသင်း(AMAUT)ကကြီးမှူးကျင်းပခြင်းဖြစ်ကာ မြန်မာကျောင်းသား၊ ကျောင်းသူများအနေဖြင့် တက္ကသိုလ်၊ ကောလိပ်များ၊ ပညာရေးအဖွဲ့အ စည်းများ၏ကိုယ်စားလှယ်များထံမှ သတင်းအချက်အလက်များ၊ ထိုင်းတက္ကသိုလ်များနှင့်တိုက်ရိုက်ဆွေးနွေးမှုများပြုလုပ်နိုင်မည်ဖြစ်ကာ ထိုင်းတက္ကသိုလ်မှ ဘွဲ့ရထားသူများမှလည်း အတွေ့အကြုံများကိုမျှဝေသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အပြည့်အ၀ပညာသင်ဆုများ၊ တစ်စိတ်တစ်ပိုင်းထောက်ပံ့ကြေးများအကြောင်းကို တစ်နေရာတည်းတွင်မေးမြန်းနိုင်ခြင်း၊ ဘာသာရပ်ရွေးချယ်ခြင်း၊ ကျောင်းဝင်ခွင့်လိုအပ်ချက်များမေးမြန်းနိုင်ခြင်း၊ Business ၊ Engineering ၊ Medical Sciences ၊IT၊ Hospitality နှင့် အခြား ခေတ်မီဘာသာရပ်ပေါင်းစုံကို စိတ်ကြိုက်ရွေးချယ်နိုင်ခြင်း၊ ကျောင်းလခ၊ […] The post ထိုင်းနိုင်ငံမှ နိုင်ငံတကာအဆင့်မီတက္ကသိုလ်(၂၆) ကျောင်းပါဝင်သည့် အခမဲ့ (၁၁)ကြိမ်မြောက် ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲ ရန်ကုန်မြို့တွင်ကျင်းပမည် appeared first on Popular .