တရုတ်နိုင်ငံသား(၈၅)ဦးကို အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ရှမ်းပြည်နယ်၌ဖမ်းမိ

Credit to Popular Journal - ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နှင့် ရှမ်းပြည် နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်တို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၈၅)ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူ မတ် ၂၀ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များသည် မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်လျက်ရှိသည့် တရုတ်နိုင် ငံသား(၈၅)ဦးကို ဖုန်းမျိုးစုံ(၂၈၆)လုံး၊ ကွန်ပျူတာ(၃၀) လုံး၊ Laptop (၂၈)လုံး၊ အဆောက်အဦ(၁)လုံးတို့နှင့်အ တူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ပြင် တော်ရွက်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားရာတွင်အသုံးပြုသည့် ဖုန်းမျိုးစုံ(၄၆)လုံး၊ ကွန်ပျူတာ(၁၈)လုံး၊ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားရာတွင်အသုံးပြုသည့် ဖုန်းမျိုးစုံ (၈၅)လုံး၊ ကွန်ပျူတာ(၁၀)လုံးတို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ထို့အတူ လဲချားမြို့နယ်၊ ကောင်းစံကျေးရွာ(အနောက်ဘက်) မီတာ (၃,၀၀၀)ခန့်အကွာတွင် အဆောက်အအုံများ၊ ဂိုထောင်နှင့် Starlink (၁၀)လုံး၊ All in One ကွန် […] The post တရုတ်နိုင်ငံသား(၈၅)ဦးကို အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ရှမ်းပြည်နယ်၌ဖမ်းမိ appeared first on Popular .