စက်သုံးဆီနှင့် ဓာတ်မြေဩဇာ မလိုအပ်ဘဲ စုဆောင်းမထားရန်နှင့် ချွေတာအသုံးပြုရန် တောင်သူများအား MRF မေ တ္တာရပ်ခံ

Credit to Popular Journal - စက်သုံးဆီနှင့် ဓာတ်မြေဩဇာများကို မလိုအပ်ဘဲ စုဆောင်းသိုလှောင်ခြင်း မပြုလုပ်ကြရန်နှင့် ချွေတာအသုံးပြုကြရန် တောင်သူလယ်သမားများနှင့် ဆန်စပါးလုပ်ငန်းဆိုင်ရာ ပါဝင်ပတ်သက်သူများအား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က မတ်လ (၂၀) ရက်တွင် မေတ္တာရပ်ခံပန်ကြားထားသည်။ အရှေ့အလယ်ပိုင်းဒေသရှိ စစ်ရေးအခြေအနေများကြောင့် နိုင်ငံတကာ ရေနံနှင့် ရေနံထွက်ပစ္စည်းဈေးကွက်တွင် ဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် မတည်မငြိမ်ဖြစ်ပေါ်နေမှုများရှိနေခြင်းကြောင့် စက်သုံးဆီအသုံးပြုမှုကို ချွေတာရန် အစိုးရဘက်မှလည်း အသိပေးထားကြောင်း MRF က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဆန်စပါးလုပ်ငန်းတွင် ထွန်ယက်စိုက်ပျိုးခြင်း၊ ရေတင်ခြင်း၊ ရေသွင်းခြင်း၊ ရိတ်သိမ်းခြွေလှေ့ခြင်း၊ အခြောက်ခံခြင်းနှင့် ကြိတ်ခွဲထုတ်လုပ်ခြင်းတို့အပါအဝင် လုပ်ငန်းစဉ်အများစုတွင် စက်သုံးဆီလိုအပ်မှုများရှိနေကြောင်းလည်း သိရသည်။ ထို့ကြောင့် စက်သုံးဆီဖြန့်ဝေရာတွင် တောင်သူလယ်သမားများ၏ လိုအပ်ချက်ကို ဦးစားပေးကူညီပေးရန်၊ ထွန်စက်များနှင့် ရိတ်သိမ်းခြွေလှေ့စက်များအတွက် ဒီဇယ်ဆီလုံလောက်စွာရရှိရေးကို ဆန်စက်ပိုင်ရှင်များ၊ ကုန်သည်များနှင့် ကုမ္ပဏီများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် MRF […] The post စက်သုံးဆီနှင့် ဓာတ်မြေဩဇာ မလိုအပ်ဘဲ စုဆောင်းမထားရန်နှင့် ချွေတာအသုံးပြုရန် တောင်သူများအား MRF မေ တ္တာရပ်ခံ appeared first on Popular .