မိုဘိုင်းဖုန်းနှင့် ဆက်သွယ်ရေးပစ္စည်းများ တင်သွင်းရာတွင် သွင်းကုန်လိုင်စင်ယူပြီး အခွန်ပေးဆောင်ရန် အသိပေး

Credit to Popular Journal - မိုဘိုင်းလက်ကိုင်ဖုန်းများနှင့် မိုဘိုင်းကွန်ရက်သုံး ဆက်သွယ်ရေးပစ္စည်းများကို ပြည်ပမှ တင်သွင်းရာတွင် တရားဝင်သွ င်းကုန်လိုင်စင် လျှောက်ထားရယူပြီး နိုင်ငံတော်သို့ အခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက မတ်လ (၂၀) ရက်စွဲဖြင့် ထပ်မံ၍ အသိပေးထုတ်ပြန်ထား သည်။ မိုဘိုင်းဖုန်းအသုံးပြုသူ ပြည်သူများအနေဖြင့် စံချိန်စံညွှန်းနှင့် ကိုက်ညီပြီး အခွန်ပေးဆောင်ထားသော မိုဘိုင်းလက် ကိုင်ဖုန်းများကို ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ရန် ၂၀၂၆ ခုနှစ် မတ်လ ပထမပတ်မှ စတင်ကာ ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) ကို စတင်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ စနစ်အရ မိုဘိုင်းလက်ကိုင်ဖုန်းများနှင့် ဆက်သွယ်ရေးပစ္စည်းများကို တင်သွင်းလိုသည့် ကုမ္ပဏီများအနေဖြင့် သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်သွင်းဆောင်ရွက်ရမည်ဖြစ်ပြီး ကျသင့်ခွန်များကို ပေးဆောင်ပြီးပါက CEIR စနစ်ရှိ ခွင့်ပြုစာရင်းတွင် ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း CEIR နှင့် EIR […] The post မိုဘိုင်းဖုန်းနှင့် ဆက်သွယ်ရေးပစ္စည်းများ တင်သွင်းရာတွင် သွင်းကုန်လိုင်စင်ယူပြီး အခွန်ပေးဆောင်ရန် အသိပေး appeared first on Popular .