Credit to Popular Journal - ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်အနီးတွင် ကြို/ပို့ကားတစ်စီး နောက်ဘီးကျွတ်ထွက်တိမ်းမှောက်ခဲ့မှု မတ် ၂၀ ရက်ည ၈ နာရီ ၁၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲချုပ်(ရန်ကုန်)ထံမှ သိရသည်။ သန်လျင်မြို့နယ်၊ ခရမ်းသုံးခွလမ်းမ၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်အနီးတွင် Bongo ကြို/ပို့ကားသည် အလုပ်ပြီးပြန်လာသူများအားပြန်ပို့စဥ် နောက်ဘီးကျွတ်၍ တိမ်းမှောက်ခဲ့သဖြင့် လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် အမျိုးသား(၆)ဦးနှင့် အမျိုးသမီး(၉)ဦးတို့တွင် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် လူမှုကူညီရေးအသင်းဝင်များက သန်လျင်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။ Photo-YRO The post ကြို/ပို့ကားတစ်စီး နောက်ဘီးကျွတ်ထွက်တိမ်းမှောက် (၁၅) ဦး ဒ-ဏ်ရာရ appeared first on Popular .