Credit to Popular Journal - လွှတ်တော်ကိုယ်စားလှယ်များ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲမထားရန် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးမှ မတ် ၂၀ ရက်နံနက်ပိုင်းကကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ပထမပုံမှန်အစည်းအ ဝေး ပထမနေ့တွင်မှာကြားခဲ့ခြင်းဖြစ်သည်။ ” လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့စံပြဖြစ်အောင် နေထိုင်ဖို့လိုပါတယ်။ ဒါ့အပြင် ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲမထားဘဲ နိုင်ငံတော်ရဲ့အမျိုးသားအကျိုးစီးပွား၊ နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ အကျိုးစီးပွားကိုသာဦးထိပ်ထားပြီး မတူကွဲပြားခြားနားတဲ့ အမြင်တွေအပေါ်မှာ ပိုမိုကောင်း မွန်တဲ့ဆုံးဖြတ်ချက်တွေ ထွက်ပေါ်လာစေဖို့ အပြန်အ လှန်လေးစားမှုနဲ့ဆွေးနွေးညှိနှိုင်းကြရပါမယ်”ဟု ပြည် ထောင်စုလွှတ်တော် နာယကဦးအောင်လင်းဒွေးက ပြောသည်။ ထို့ပြင် သဘောထားကွဲလွဲသည် ဥပဒေကြမ်းများကို ပြည်ထောင်စုလွှတ်တော်၌ဆွေးနွေးဆုံးဖြတ်ရာတွင်လည်း လွှတ်တော်စွဲ၊ ဝါဒစွဲ၊ ပါတီစွဲမထားဘဲ ပိုမိုကောင်းမွန်သည့် ဥပဒေပြဋ္ဌာန်းချက်များဖြစ်ပေါ်လာစေရေးကိုသာဦးတည်ပြီး နားလည်မှု၊ စည်းလုံးညီညွတ်မှုတို့ကိုအခြေခံဆွေးနွေးရန်လည်းမှာကြားသည်။ ထို့အတူ ပြည်ထောင်စုလွှတ်တော်သည် ပြည်သူ့လွှတ် တော်နှင့် အမျိုးသားလွှတ်တော်တို့မှတင်သွင်းဆွေးနွေးသော ဥပဒေကြမ်းများကိုအတည်ပြုပေးရသည့် လွှတ် တော်ကြီးဖြစ်ကာ နိုင်ငံတော်အတွက်အရေးကြီးသော ကိစ္စရပ်များကိုအဆုံးအဖြတ်ပေးရသည့် လွှတ်တော်ကြီးဖြစ်၍ […] The post လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပုဂ္ဂိုလ်စွဲ၊ ပါ တီစွဲမထားရန် ပြည်ထောင်စုလွှတ်တော်နာယကမှာ ကြား appeared first on Popular .