ပင်လယ်ပြင်ရှိ အီရန်ရေနံအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို အမေရိကန် ဖြေလျှော့

Credit to Popular Journal - အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် မြင့်တက်လာသည့် ရေနံစျေးနှုန်းများကို လျှော့ချရန် ကြိုးပမ်းမှုအဖြစ် ပင်လယ်ပြင်ရှိ အီရန်ရေနံများ ဝယ်ယူခွင့်အပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ထရမ့်အစိုးရက ရက်ပေါင်း ၃၀ ကြာ ကင်းလွတ်ခွင့်ပြုလိုက်သည်။ ဤကင်းလွတ်ခွင့်ကြောင့် ကမ္ဘာ့ဈေးကွက်အတွင်းသို့ ရေနံစိမ်းစည်ပေါင်း သန်း ၁၄၀ ခန့် ဝင်ရောက်လာမည်ဖြစ်ပြီး စွမ်းအင်ထောက်ပံ့မှုအပေါ် ဖိအားများကို သက်သာစေမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆက်က X တွင် ရေးသားခဲ့သည်။ အမေရိကန်နှင့် အစ္စရေးတို့က အီရန်အပေါ် သုံးပတ်နီးပါးကြာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ရေနံစျေးနှုန်းများ ထိုးတက်လာခဲ့သည်။ ယင်းအခြေအနေသည် လာမည့် နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များနှင့် စားသုံးသူများကို ထိခိုက်စေကာ ရီပတ်ဘလီကန်ပါတီ၏ လွှတ်တော်ထိန်းချုပ်နိုင်မှုအပေါ် သက်ရောက်မည်ကို အိမ်ဖြူတော်က စိုးရိမ်နေခြင်းဖြစ်သည်။ အာရှအတွက် […] The post ပင်လယ်ပြင်ရှိ အီရန်ရေနံအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို အမေရိကန် ဖြေလျှော့ appeared first on Popular .