ပြည်သူလိုလားသည့် ပြည်သူ့အစိုးရဖြစ်အောင် ထိန်းညှိပုံဖော်သွားမည်ဟု ဧရာဝတီတိုင်း ဒေသကြီးဒုတိယလွှတ်တော် ဥက္ကဋ္ဌပြော

Credit to Popular Journal - တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်၏ ဒုတိယ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် ကန်ကြီးထောင့်မြို့နယ်၊ မဲဆန္ဒအမှတ် (၁)မှ ဦးစောသက်နိုင်ဦးက တိုင်းအစိုးရအဖွဲ့အား ပြည်သူလိုလားသည့်အစိုးရဖြစ်အေင် ထိန်းညှိသွားမည်ဟု ပြောကြားသည်။ တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်၏ ပထမပုံမှန် အစည်းအဝေးကို မတ်လ (၂၀)ရက် နံနက်ပိုင်းက ကျင်းပခဲ့ရာ လွှတ်တော်ဒုတိယ ဥက္ကဋ္ဌအဖြစ် ကန်ကြီးထောင့်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ ဦးစောသက်နိုင်ဦးပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်နှင့် ဇလွန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ဦးသိန်းလွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးအား အမည်စာရင်း တင်သွင်းခဲ့ကြသဖြင့် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ကြရာ ကန်ကြီးထောင့်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ဦးစောသက်နိုင်ဦးက ရွေးချယ်ခံရခြင်းဖြစ်သည်။ လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ […] The post ပြည်သူလိုလားသည့် ပြည်သူ့အစိုးရဖြစ်အောင် ထိန်းညှိပုံဖော်သွားမည်ဟု ဧရာဝတီတိုင်း ဒေသကြီးဒုတိယလွှတ်တော် ဥက္ကဋ္ဌပြော appeared first on Popular .