ကမ္ဘောဒီးယားအစိုးရက စက်သုံးဆီအခွန်များကို လျှော့ချ

Credit to Popular Journal - မတ် ၂၁ ရက် ကမ္ဘောဒီးယားတော်ဝင်အစိုးရသည် ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေမှုကြောင့် ပြည်သူများအပေါ် ကျရောက်နေသည့် ငွေကြေးဝန်ထုပ်ဝန်ပိုးများကို လျှော့ချပေးရန်အတွက် ဓာတ်ဆီနှင့် ဒီဇယ်အပေါ် ကောက်ခံသည့် ထပ်ဆောင်းအခွန်များကို လျှော့ချရန် ဆုံးဖြတ်လိုက်သည်။ ဝန်ကြီးချုပ် ဟွန်မာနက်၏ ဦးဆောင်မှုဖြင့် ချမှတ်လိုက်သော ဤဆုံးဖြတ်ချက်သည် ကမ္ဘာတစ်ဝန်း ရေနံဈေးနှုန်း မတည်ငြိမ်မှုများကြားမှ အိမ်ထောင်စုများ၏ စားဝတ်နေရေးကို အထောက်အကူပြုရန် လုပ်ဆောင်သည့် ကြီးကျယ်သော ကြိုးပမ်းမှုတစ်ခု ဖြစ်သည်။ အစိုးရ၏သတင်း ထုတ်ပြန်ချက်အရ စက်သုံးဆီဈေးနှုန်းကို တစ်လီတာလျှင် ၀.၀၆၅ ဒေါ်လာ ဆက်လက်လျှော့ချပေးသွားမည် ဖြစ်သည်။ ထို့အပြင် နိုင်ငတကာ ဓာတ်ဆီဈေးနှုန်းသည် တစ်စည်လျှင် ၉၀ ဒေါ်လာထက် ကျော်လွန်ပါကလည်းကောင်း၊ ဒီဇယ်ဈေးနှုန်းသည် တစ်စည်လျှင် ဒေါ်လာ ၁၀၀ ထက် ကျော်လွန်ပါကလည်းကောင်း တစ်လီတာလျှင် ၀.၀၁ ဒေါ်လာ […] The post ကမ္ဘောဒီးယားအစိုးရက စက်သုံးဆီအခွန်များကို လျှော့ချ appeared first on Popular .