Credit to Popular Journal - မတ် ၂၀ ရက် ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုသည် ကြာသပတေးနေ့တွင် အကျဉ်းသား ၂၅၀ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါလုပ်ဆောင်ချက်မှာ နိုင်ငံ့သမိုင်းတစ်လျှောက်အများဆုံးလွှတ်ပေးခဲ့သည့် ပမာဏဖြစ်ပြီး အပြန်အလှန်အနေဖြင့် အမေရိက ကလည်း ဘယ်လာရုစ်အပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ထပ်မံဖြေလျှော့ပေးခဲ့ကြောင်း အိမ်နီးချင်း လစ်သူယေးနီးယားနိုင်ငံရှိ အမေရိကန်သံရုံးက ပြောကြားခဲ့သည်။ ဤအကျဉ်းသားလွှတ်ပေးမှုသည် နှစ်ပေါင်းများစွာ နိုင်ငံတကာအသိုင်းအဝိုင်းမှ ပယ်ထားခံရခြင်းနှင့် ပိတ်ဆို့အရေးယူခံထားရခြင်းတို့မှ လွတ်မြောက်ကာ ဝါရှင်တန်နှင့် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရန် လူကာရှန်ကို၏ ကြိုးပမ်းနေသည့် အစီအစဉ်အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ၁၉၉၄ ခုနှစ်ကတည်းက ဘယ်လာရုစ်ကို အုပ်ချုပ်ခဲ့သော ၎င်းအနေဖြင့် နိုင်ငံအတွင်း နှိပ်ကွပ်မှုများကို လျှော့ချပေးခြင်းဖြင့် အမေရိက၏ ပိတ်ဆို့မှုများကို ဖြေလျှော့ရန် လုပ်ဆောင်နေခြင်းဖြစ်သည်။ ဘယ်လာရုစ် လူ့အခွင့်အရေးအဖွဲ့ Viasna ၏ အဆိုအရ […] The post ဘယ်လာရုစ်ကနိုင်ငံရေးအကျဉ်းသား ၂၅၀ ဦးကို ပြန်လွှတ်ပေး၊ ယူအက်စ်ကလည်း ပိတ်ဆို့အရေးယူမှုများ ထပ်မံဖြေလျှော့ပေး appeared first on Popular .