Credit to Popular Journal - ဂျီနီဗာ၊ မတ်လ ၂၁ ရက် လာမည့်ဧပြီလတွင် ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ ကျင်းပရန် စီစဉ်ထားသည့် အလှပြကျွမ်းဘား ကမ္ဘာ့ဖလားပြိုင်ပွဲကို “လက်ရှိအရှေ့အလယ်ပိုင်းဒေသ အခြေအနေများကြောင့်” ဖျက်သိမ်းလိုက်ကြောင်း အားကစားအဖွဲ့ချုပ်က သောကြာနေ့တွင် ပြောကြားခဲ့သည်။ “အရေးပေါ် အွန်လိုင်းမဲခွဲဆုံးဖြတ်မှုအရ အရှေ့အလယ်ပိုင်းဒေသရဲ့ လက်ရှိအခြေအနေတွေကို ထည့်သွင်းစဉ်းစားပြီး၊ ဧပြီလ ၁၅ ရက်ကနေ ၁၈ ရက်အထိ ဒိုဟာမှာ ကျင်းပဖို့ရှိတဲ့ ၂၀၂၆ ခုနှစ် အလှပြကျွမ်းဘား ကမ္ဘာ့ဖလားပြိုင်ပွဲကို ဖျက်သိမ်းဖို့ အမှုဆောင်ကော်မတီက ဆုံးဖြတ်ခဲ့ပါတယ်” ဟု ကမ္ဘာ့ကျွမ်းဘားအဖွဲ့ချုပ်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် ၎င်းပြိုင်ပွဲကို ရက်ရွှေ့ဆိုင်းကျင်းပမည်မဟုတ်ကြောင်းကိုလည်း ထပ်လောင်းပြောကြားခဲ့သည်။ အီရန်အပေါ် အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှုများ စတင်ကတည်းက အသင်းအများအပြားသည် အရှေ့အလယ်ပိုင်းဒေသတွင် ကျင်းပမည့် ပြိုင်ပွဲများသို့ တက်ရောက်ရန် လျှောက်ထားမှုများကို ပြန်လည်ရုပ်သိမ်းခဲ့ကြသည်။ […] The post ကမ္ဘာ့ကျွမ်းဘားအဖွဲ့ချုပ်က ဒိုဟာကမ္ဘာ့ဖလားပြိုင်ပွဲကို ဖျက်သိမ်း appeared first on Popular .