အီရန်စစ်ပွဲက ကင်ဂျုံအွန်းနဲ့ မြောက်ကိုရီးယား အနာဂတ်ကို စိုးရိမ်မှုဖြစ်စေလား

အမေရိကန်နဲ့ အစ္စရေးရဲ့ အီရန်ကို တိုက်ခိုက်မှုက မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းအတွက် “နျူကလီးယားလက်နက်တွေဟာ ရှင်သန်ရေးအတွက် မဖြစ်မနေလိုအပ်တယ်” ဆိုတဲ့ ယုံကြည်ချက်ကို ပိုပြီး ခိုင်မာစေလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။