Credit to Popular Journal - လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဈေးကွက်ရှိပြီးသား ရိုဘက်စတာကော်ဖီကို ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၆ မြို့နယ်တွင် စတင်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ အဆိုပါ ကော်ဖီကို တိုက်ကြီး၊ လှည်းကူး၊ မှော်ဘီ၊ တွံ့တေး၊ ကော့မှူးနှင့် ကွမ်းခြံကုန်းမြို့နယ်များရှိ စုစုပေါင်း ဧက ၁၀၀၀ ခန့်တွင် တစ်ဧကလျှင် ၄၃၅ ပင်နှုန်းဖြင့် လာမည့် မိုးရာသီမှ စတင်စိုက်ပျိုးသွားမည်ဖြစ်သည်။ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် တိုက်ကြီးမြို့နယ်၌ ဧက ၂၈၀၊ လှည်းကူးမြို့နယ်တွင် ဧက ၅၀၀၊ မှော်ဘီမြို့နယ်၌ ဧက ၁၀၀၊ တွံ့တေးမြို့နယ်၌ ဧက ၄၀၊ ကော့မှူးမြို့နယ်၌ ဧက ၆၀ နှင့် ကွမ်းခြံကုန်းမြို့နယ်၌ ဧက ၂၀ တို့ဖြင့် ကနဦးစိုက်ပျိုးသွားမည်ဖြစ်ပြီး ၂၀၃၀-၂၀၃၁ […] The post ရန်ကုန် ၆ မြို့နယ်တွင် ရိုဘက်စတာကော်ဖီ ဧက ၁၀၀၀ စတင်စိုက်ပျိုးမည် appeared first on Popular .